■ ၂၀၂၆ခုနှစ် ဇန်နဝါရီလမှစ၍
■နံနက် ၈:၀၀ ~ ညနေ ၅:၀၀
※(နေ့လည်အားလပ်ချိန် : နံနက် ၁၁နာရီ ၄၅မိနစ် မှ နေ့လည် ၁နာရီ နှင့် အလုပ်ချိန် : ၇နာရီ ၄၅မိနစ်)
■ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ၊ ကုမ္ပဏီ၏အထူးပိတ်ရက်များ (ကုမ္ပဏီနှစ်ပတ်လည်နေ့၊အစားထိုးပိတ်ရက်များ)
■ လစာရခွင့် (တစ်နှစ်အတွင်း အများဆုံးခွင့်ပြုရက် ၂ဝရက်၊ အများဆုံးခွင့်ပြုရက်ထက်ကျော်သော ခွင့်ရက်များကိုနောက်နှစ်သို့သယ်ဆောင်ခွင့်ရှိသည်)၊ မွေးနေ့ခွင့်၊ လက်ထပ်ခွင့်၊ မီးဖွားခွင့်၊ ကလေးစောင့်ရှောက်ခွင့်၊ နာရေးခွင့်၊စသည်...
■ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများ၊ အတိုးမဲ့ချေးငွေ၊ အားကစားလှုပ်ရှားမှူများ၊ ဝန်ထမ်းများအတွက်အပန်းဖြေခရီး
■ အချိန်ပိုကြေး၊ Skillအလိုက် လစာ၊ ကုမ္ပဏီမှ သတ်မှတ်ထားသည့် ဘွဲ့လက်မှတ်၊ Certificate များအပေါ် လစာခံစားခွင့်များ၊ အဆောင်ခ၊ ကလေးထောက်ပံ့စရိတ်၊ လမ်းစရိတ်
■ အလုပ်ဝင်ချိန်မှစ၍ တစ်နှစ်အတွင်း ITသင်တန်းများ၊ ဂျပန်စာသင်တန်းများ တက်ရောက်စေ၍
ပညာသင်ကြားပေးခြင်း၊
လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် On Job Training များဖြင့် လေ့ကျင့်သင်ကြားပေးခြင်း၊
ရုံးတွင်းသင်တန်းများကို
သင်ကြားပေးခြင်းများ ကုမ္ပဏီမှ ပြုလုပ်ပေးသောကြောင့်၊ မိမိ၏ Careerကို မှန်ကန်စွာရွေးချယ်
တက်လှမ်းနိုင်မည်ဖြစ်ပါသည်။
※ဘွဲ့ရခါစ လူငယ်များအတွက် အထူးအခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။
■Java, ASP.Net, C#.Net, VB.Net, ABSL, Python, PL/SQL, AI, OutSystems etc.
ရှင်းလင်းပွဲကို Microsoft Teamsဖြင့် ကျင်းပမည်ဖြစ်ပါသည်။ လုပ်ငန်းသဘောသဘာဝနှင့်
ဝန်ထမ်းသစ်ခေါ်ယူခြင်းဆိုင်ရာအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်။
ပြန်လည်မေးမြန်းနိုင်မည့်အစီအစဉ်လည်း ထည့်သွင်းထားပါသည်။
※လျှောက်ထားသူကိုယ်တိုင် မပျက်မကွက်တက်ရောက်ရပါမည်။ ကိုယ်စားတက်ရောက်ခြင်းကို
လက်ခံမည်မဟုတ်ပါ။
【အစီအစဥ်】 | ||
နေ့ရက် | : ၂၅-၉-၂၀၂၅ (ကြာသပတေးနေ့) | |
အချိန် | : နံနက် ၉:၀၀ မှ နေ့လည် ၁၁:၃၀ အထိ |
※ရှင်းလင်းပွဲတက်ရောက်ရန် အသေးစိတ်အချက်အလက်ကို Emailမှတဆင့် အသိပေးမည်ဖြစ်ပါသည်။
ဝန်ထမ်းသစ်ရွေးချယ်မှုရှင်းလင်းပွဲကို တက်ရောက်လိုသူများသည် Online မှတဆင့်
စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
လက်ခံမည့်ကာလ : ၈-၉-၂၀၂၅ (တနင်္လာနေ့) နံနက် ၈:၀၀ မှ ၂၁-၉-၂၀၂၅ (တနင်္ဂနွေနေ့) ညနေ ၅:၀၀ အထိ
(၁၄ရက်အတွင်းသာ)
စာမေးပွဲကို ရန်ကုန်နှင့်မန္တလေးတွင် ကိုယ်တိုင် လာရောက်ဖြေဆိုရမည်ဖြစ်ပါသည်။
【စာမေးပွဲ အစီအစဥ်】 | ||
နေ့ရက် | : ၂၇-၉-၂၀၂၅ (စနေနေ့) | |
နေရာ | : Yangon, Mandalay | |
အချိန် | : စာမေးပွဲဖြေဆိုရမည့်အချိန်နှင့်နေရာ အသေးစိတ်အချက်အလက်ကို Emailမှတဆင့် ဆက်သွယ်အကြောင်းကြားပါမည်။ |
➤ စာမေးပွဲအောင်စာရင်းနှင့် လူတွေ့စစ်ဆေးမည့်အချိန် အသေးစိတ်အချက်အလက်ကို Myanmar DCR၏ Website Homepageတွင်
ကြေညာပါမည်။
https://www.jobnet.com.mm မှာလည်း ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
※အပြောင်းအလဲတစုံတရာရှိပါက ထပ်မံအသိပေးပါမည်။
Copyright © 2008 Myanmar DCR Co., Ltd. All Rights Reserved.