" တစ်ကယ်လုပ်လျှင် အဟုတ်ဖြစ်မည်၊ ကြိုးစားသည့် လူအတွက် အခွင့်အရေးက အမြဲရှိသည် "
Myanmar DCR Co.Ltd သည် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ၂၀၀၈ခုနှစ် ၇လပိုင်း ၁၄ရက်နေ့တွင် Daiichi Computer resource(DCR) မှ မတည်ငွေ ၁၀၀% ဖြင့် စတင်တည်ထောင်သော ဂျပန်လူမျိုးပိုင် ကုမ္ပဏီအသစ်ဖြစ်ပါသည်။ အထူးသဖြင့် Global delivery, Laboratory model, system development အပြင် IT/ ဂျပန်စာ ကျွှမ်းကျင်သောဝန်ထမ်းကို ဂျပန်သို့စေလွှတ်ခြင်းစသည့် လုပ်ငန်းများကို လုပ်ဆောင်လျှက် ရှိပါသည်။
မြန်မာ/ဂျပန် IT လောက၏ နှစ်ဖက်သောကောင်းကျိုးကို ဦးတည်၍ အားထုတ်ကြိုးစားမည်ဖြစ်သောကြောင့် လက်တွေ့အကောင်အထည်ဖော်ရန် စိတ်ဝင်စားသူအားလုံးက ပါဝင်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ပါသည်။
မြန်မာ၊ဂျပန်နှစ်နိုင်ငံအတွက်ထူးခြားကောင်းမွန်သောဝန်ဆောင်မှုပေးရန်
   DCR Group အဖွဲ့ဝင်အဖြစ်စွမ်းဆောင်ရည်မြင့်မားပြီး ITနည်းပညာ ပြောင်းလဲမှုတွင် အားကြိုးမာန်တက်ဖြင့် ရင်ဆိုင်ပြီး customer အောင်မြင်မှု၊ စီးပွားရေးအခြေအနေ ကောင်းမွန်မှု၊ -အကျိုးအမြတ်နှင့် စိတ်ကျေနပ်မှုရရှိရန် မြန်မာဂျပန်နှစ်နိုင်ငံ အတွက် ကောင်းမွန်စွာ ဆောင်ရွက်သွားမည်ဖြစ်သည်။
(၁) Customer ၏ အောင်မြင်မှု အတွက်ကောင်းမွန်စွာဆောင်ရွက်ပေးခြင်း
(၂) နိုင်ငံတကာအဆင့်အရည်အသွေးမှီ ၀န်ဆောင်မှုပေးခြင်း
(၃) ၀န်ထမ်းများစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီးအကျိုးရှိစွာအသုံးပြုနိုင်စေခြင်း